စစ်တွေမြို့တွင် ကုန်ပစ္စည်းများကို သက်သာစွာဖြင့် ဆက်လက်ရောင်းချ

စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကိုလည်းကောင်း၊ တပ်မတော်စက်ရုံ များနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော် ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထော ပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် အရောင်းဆိုင်များ၏ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို လည်းကောင်း၊ ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။