မြန်မာနှင့် အိန္ဒိယအကြား စီမံချက်တစ်ခုလျှင် US ၅၀၀၀၀ ခွင့်ပြုပေးမည့် Quick Impact Projects-QIP အတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည် ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။