ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး တို့က ပြည်ထောင်စုနေ့ညစာစားပွဲဖြင့်ဧည့်ခံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ZAWGYI

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး သတိုးမဟာသေရစည္သူ၊ သတိုးသီရိသုဓမၼ မင္းေအာင္လႈိင္ ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတို႔က တည္ခင္းဧည့္ခံသည့္ ၂၀၂၃ ခုႏွစ္ (၇၆) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားကို ေနျပည္ေတာ္ရွိ ၿမိဳ႕ေတာ္ခန္းမ ဥပစာရင္ျပင္၌ က်င္းပသည္။

ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္လာၾကသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ တိုင္းရင္းသား႐ိုးရာ ယဥ္ေက်းမႈအဖြဲ႕ဝင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ဥကၠ႒မ်ားႏွင့္ ကိုယ္စားလွယ္မ်ား၊ NCA စာခ်ဳပ္ လက္မွတ္ေရးထိုး ထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ ေခါင္းေဆာင္မ်ားႏွင့္ ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စု အဆင့္ပုဂၢိဳလ္မ်ားႏွင့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားအား ရင္းရင္း ႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ၾကသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး သတိုးမဟာသေရစည္သူ၊ သတိုးသီရိသုဓမၼ မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔သည္ ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ဂုဏ္ျပဳညစာကို အတူတကြသုံးေဆာင္ၾကသည္။