ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားသို့ ဒုတိယတပ်မတော်ကကွယ်ရေးဦးစီးချုပ် တက်ရောက်


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ် တည်တံရေးနှင့် ပြည်ထောင်စုကြီးထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုး ပမ်းတည်ဆောက်ရေး၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်း သားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂) ရပ် အောင်မြင်စေရေး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲဆောင်ရွက်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအား လုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ များ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ် ကိုအခြေခံသည့်ပြည်ထောင်စုကိုတည်ဆောက်ရေး ဟူသည့် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရ ပြည့်ဝ စွာကျင်းပခြင်းဖြစ်သည်။

ZAWGYI
