ဘူးသီးတောင်ရှိ ဘင်္ဂါလီလူမျိုးများ AA ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ဆန္ဒပြ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မြို့ပေါ်ရပ်ကွက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဘင်္ဂါလီလူမျိုးများနှင့် ကွန်တိုင်၊ နန်းရာကုန်း၊ ရွက်ညိုတောင်၊ ဦးလှဖေကျေးရွာများမှ ယာယီတိုက်ပွဲရှောင် ဘင်္ဂါလီလူမျိုးကျား/မ စုစုပေါင်း အင်အား ၂၀၀၀ ဦးခန့်သည် မေလ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စုရပ်နေရာတွင် ငြိမ်းချမ်းစွာစုဝေးခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့ သိရှိရပါတယ်။ #Crd