ထန်တလန်မြို့နယ် ၊ရဲတပ်ဖွဲ့မှူးရုံးအား အကြမ်းဖက်များက ဝင်ရောက်တိုက်ခိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက် ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရသည်။ အဆိုပါ မြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်းများက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိ စုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့ အတွင်း အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်မှု အတွက် လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။