မဲစာရင်းများမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး
ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂ရက် နံနက် ၁၀ နာရီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲစာရင်းများပြုစုရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း စတဲ့ကိစ္စတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့က ပြုစုထားတဲ့ လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုရမည်ဖြစ်ကြောင်း၊ ၊မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်ရာမှာ ပုံစံ(၆၆/၆) မရှိဘဲ မြေပြင်တွင် နေထိုင်သူများကိုပါ တစ်ပါတည်း စာရင်းပြုစုသင့်ကြောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုလည်း ခွဲခြား၍ စာရင်းကောက်ယူသင့်ကြောင်းနဲ့ မြေပြင်တိုက်ဆိုင် စစ်ဆေးမှုမှ ရရှိတဲ့ လူဦးရေစုစုပေါင်းမှာ ၆၁၂၁၄၀၉၉ ဦး (၆၁ ဒသမ ၂၁၄ သန်းကျော်) ရှိလာပြီဖြစ်ကြောင်း‌ ပြောပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ထားရှိတဲ့ အခြေအနေများကို မြေပြင်လူဦးရေစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးရရှိခဲ့ပြီး တိုးတက်မှု အသေးစိတ်စာရင်းများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ကတ်များ ပြုလုပ်ပေးမှု၊ အခြေခံလူဦးရေစာရင်း မြေပြင်ကောက်ယူမည့် ဖွဲ့စည်းမှုနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၎င်းတို့၏ ဝန်ထမ်းခန့်အပ်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှု၊ မဲဆွယ်စည်းရုံးရေး ကာလတွင် နိုင်ငံရေးပါတီများနဲ့ပတ်သတ်တဲ့ အခြေအနေများကိုတင်ပြခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်ရှင်။