ဂျပန်ဗဟိုဘဏ်က သရီးဒီဟိုလိုဂရမ်ပါ ကမ္ဘာ့ပထမဆုံးငွေစက္ကူကို စမ်းသပ်အသုံးပြု

ဂျပန်ဗဟိုဘဏ်က သရီးဒီဟိုလိုဂရမ်ပါ ကမ္ဘာ့ပထမဆုံးငွေစက္ကူကို  ငွေထုတ်စက်များ၊ ဈေးရောင်းစက် များတွင် စတင်စမ်းသပ်အသုံးပြုကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်သည်။

အဆိုပါငွေစက္ကူများကို ၂၀၂၃ ခုနှစ် ထုတ်ဝေရန် စီစဉ်ထားပြီး လက်ရှိတွင် ယန်း ၁၀၀၀၀ တန်၊ ၅၀၀၀ တန်နှင့် ၁၀၀၀ တန်တို့ကို ဆက်လက်ထုတ်ဝေတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

အသစ်ထုတ်ဝေမည့် ယန်း ၁၀၀၀၀ တန်တွင် ဂျပန်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်နှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အီအိရှီရှီဘူဆာဝါ၏ရုပ်ပုံကို ထည့်သွင်းရိုက်နှိပ်သွားမည်ဖြစ်ပြီး ယန်း ၅၀၀၀ တန်တွင် အမျိုးသမီးများ၏ ပညာရေးအတွက်  အားပေးတိုးမြှင့်ထောက်ခံမှုများ လုပ်ဆောင်ခဲ့သော အမျိုးသမီးကျောင်းဆရာ ယူမီကိုဆူဒါ ရုပ်ပုံကို ရိုက်နှိပ်သွားမည်ဖြစ်သည်။ခေတ်သစ်ဂျပန်နိုင်ငံ၏ဆေးပညာဖခင်အဖြစ်သတ်မှတ်ထားသော ရှီဘာဆာဘူရိုကီတာဆာတို၏ရုပ်ပုံကိုမူ ယန်း ၁၀၀၀ တန်တွင် ထည့်သွင်းရိုက်နှိပ်သွားမည်ဖြစ်သည်။

ထို့ပြင် ငွေစက္ကူအသစ်များတွင် သရီးဒီဟိုလိုဂရမ်သုံးခုပါဝင်မည်ဖြစ်ပြီး ငွေစက္ကူ၏နေရာအပေါ်မူတည်၍ ထိုဟိုလိုဂရမ်များက ပြောင်းလဲသွားမည်ဖြစ်ကြောင်း    သိရသည်။