အကြမ်းဖက် KNU များ ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ

၂၀၂၄ခုနှစ် မေလ ၈ ရက် ၆နာရီခန့်တွင် ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ တုံးတောကျေးရွာ နေ ဂျွန်ကို( ၁၅) နှစ်၊ ပြည့်စုံအောင် ( ၁၆)နှစ်၊ ဟိန်းထက်အောင်( ၁၅)နှစ်တို့( ၃ )ဦးသည်ဆိုင်ကယ်( ၁)စီးဖြင့် တုံးတောကျေးရွာ၏အရှေ့ဘက် (ဒေသအခေါ် ) မိုးနတ်သားအင်းသို့ သွားရောက်ငါးရှာပြီး ပြန်လာစ​ဥ် တုန်းတောရွာ၏ အရှေ့ဘက်ပေ(၂၀၀)ခန့်အကွာအရောက်တွင် KNLA တပ်မဟာ (၃)မှစောဖိုးကျော်(ခ)ဗိုလ်ကျော်စော ဦးဆောင်သည့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ ထောင်ထားသည့် မိုင်း (၁)လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဂျွန်ကိုတွင် ဝဲလက်ကောက်ဝတ်ကျိုးဒဏ်ရာ၊ပြည့်စုံအောင်တွင် ဝဲ/ယာခြေချင်းဝတ် မိုင်းစထိမှန်ဒဏ်ရာနှင့် ဟိန်းထက်အောင်တွင် ဝဲ/ယာ ခြေချင်းဝတ်မိုင်းစထိမှန်ဒဏ်ရာတို့ရရှိခဲ့‌ကြောင်း သတင်းရရှိသည်။