ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လူမှုကွန်ရက်ပေါ်က သတင်းအတု/သတင်းအမှား

• ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အဖွဲများ ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံရှင်းလင်းရာတွင် ပွိင့်-၂၂ ကျည်ဆံ ၅၀ တောင့်၊ ပွိင့်-၂၂ ကျည်အိမ် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ မှန်ပြောင်း ၁ လက်၊ BNRA (တံဆိပ်ပါ)ယူနီဖောင်း ၁၂ စုံတိုအား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Mizzima မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာမြောက်ဘက် တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းတွင် အခြေပြုနေသော PDF များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိ၍ သွားရောက်ရှင်းလင်းခဲ့ရာ PDF ၈ လောင်း၊ သေနတ် ၂ လက်၊ ၄၀ မမ ဗုံးပစ်လောင် ချာ ၁ လက်၊ ကျည်အိမ် ၆ ခု၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည် ၇၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး တိုရရှိခဲ့ခြင်းအား Khit Thit Media နှင့် RFA တိုမှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားအောင် အရှက်မဲ့စွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ချောင်းဦးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ ချင်းတွင်းမြစ်ကြောင်းတွင် စကစတပ်ဖွဲဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျွန်းစုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲများ ၃ ကြိမ်သာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲဝင်များ တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ ဌာနဆိုင်ရာများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်နှင့်ပတ်သက်၍ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါဘဲ Ayeyarwaddy Times မှ ဝန်ထမ်းများ အထင်အမြင်လွဲမှားစေရန် နည်းအမျိုးမျိုးဖြင့် အပုတ်ချကာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ စစ်ကိုင်းမြိုနယ် မင်းကွန်းနယ်မြေရဲစခန်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသောလည်း Mizzima မှ ဒရုန်းတိုက်ခိုက်ခံရ၍ ထိခိုက်မှုများပြားတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။