လှတောတိုက်နယ်ရဲစခန်းတိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးရတယ်လို့ Khit Thit မှ သတင်းအမှားရေး

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီမှ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်အထိ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အင်အား ၄၀ ခန့်ရှိသည့် လှတောတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၀ ရက်နေ့၌ ဝက်လက်မြို့နယ် လှတောတိုက်နယ်ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသအတွင်းသတင်းမျာအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုပြီး အများအထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။