မတ်လ ၂၅ ရက်နေ့ လူမှုကွန်ရက်ပေါ်က သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

မတ်လ ၂၄ ရက်နေ့၌ ငဖဲမြို့နယ်၊ မထုံးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တပ်မတော်စစ်ကြောင်းအား PDF အဖွဲ့က ချောင်းမြောင်းကာ မိုင်း ၁၀ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသာ ကျဆုံးခဲ့ခြင်းကို Khit Thit Media မှ ပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၃ ရက်နေ့၌ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၂ ရက်နေ့၌ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၃ ရက်နေ့၌ အရာတော်မြိုနယ်၊ မုံရွာ – အရာတော်လမ်း ပင်လုံဆီဆိုင်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၃ ရက်နေ့၌ ရေစကြိုမြို့ ကပ်ကျော် ဘုန်းကြီးကျောင်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ကျဆုံးခဲ့ရသော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၁၇ ရက်နေ့၌ ရွာငံမြို့နယ် ညောင်ပင်သာရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ခြင်းကို Khit Thit Media မှ အမှန်အတိုင်းမရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၃ ရက်နေ့၌ ပေါင်းတည်မြို့နယ်၊ ကြိုကုန်းအုပ်စု၊ ထန်းကုန်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ်သဖြင့် တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိခဲ့ခြင်းကို Khit Thit Media မှ အမှန်အတိုင်းမရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၃ ရက်နေ့၌ လောင်းလုံးမြို့နယ်၊ ကျောက်နီ မော်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက် ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးခဲ့တယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• မတ်လ ၂၂ ရက်နေ့၌ ပခုက္ကူမြို့၊ ကန်တော်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကို မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။