ဒရုန်းနဲ့ တိုက်ခိုက်ခံရ၍ အရာရှိ ၃ ဦး ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအတုရေး

သြဂုတ်လ ၁၂ ရက်နေ့တွင်လည်း ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတားရှိ စစ်တပ်ဂိတ်ကို ဒုတိုင်းမှူးလာရောက်စဉ် မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၂ ရက်နေ့ ကျုံဒိုးမြို့နယ်၊ ဂျိုင်းတံတားရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်ပင်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၃ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။