လက်ခက်တောင် ပြန်လည်တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၁၃ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခက်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၇ ဦး သေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ယနေ့အချိန်အထိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခတ်တောင်စခန်းအား စကစတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသာကျဆုံးခဲ့ပြီး ၁၀ ဦးခန့်သာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်ကိုအမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးတယ်လို့ လူအထင်ကြီးအောင် စိတ်ကူးယာဉ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။