စစ်တပ်က မွှေနှောက်ရှာလို့ ပြည်သူတွေထွက်ပြေးနေရတယ်ဟု Mizzima မှ သတင်းအမှားရေး

ဩဂုတ်လ ၆ ရက်နေ့တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို စစ်ကားခုနစ်စီးပါသော ယာဉ်တန်းဖြင့် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းဝင်ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ကြောင်း Mizzima မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအတွင်း ဈေးလာဝယ်တဲ့ PDF အဖွဲ့အား လိုက်လံရှင်းလင်း နေခြင်းဖြစ်ကြောင်း နှင့် စစ်တပ်ဝင်ရောက်မှုကြောင့် ဒေသတွင်းနေ ပြည်သူများလည်းထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ ဒါကို Mizzima က ဖြစ်စဉ်အမှန်မရေးတဲ့အပြင် စစ်တပ်က အကြောင်းမဲ့ပြည်သူတွေကို ဒုက္ခပေးသယောင် အများအထင်လွဲမှားအောင် အောက်တန်းကျစွာ ရေးသားထားခြင်းဖြစ်ပါတယ်။