စစ်သား ၅၀ ဦး စစ်မတိုက်ဘဲ ထွက်ပြေးသဖြင့် ဖမ်းဆီးခံရတယ်လို့ Khit Thit မှ သတင်းအတုရေး

မကြာသေးခင်က လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစမှူး) အဖြစ်မှ တနိုင်းဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးအဖြစ် တာဝန်ရွှေ့ပြောင်းလာသော ဗိုလ်မှူးချုပ် မြတ်မင်းမိုးက ကချင်ပြည်နယ်၊ တနိုင်းဘက်ရှိ ရှေ့တန်းစစ်မြေပြင်သို့ စစ်သား ၅၀ ကျော်ကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ ထိုသို့ ရွေးချယ်စေလွှတ်ရာတွင် စစ်သားများအားလုံးသည် စစ်မတိုက်ဘဲ ထွက်ပြေးသဖြင့် ဒကစမှူး အကြီးအကျယ် ဒေါသထွက်ခဲ့ကြောင်း၊ ယင်းနောက် ထွက်ပြေးစစ်သားများကို ချော့မော့၍ နောက်တန်းသို့ ပြန်လည်ခေါ်ယူကာ စစ်စည်းကမ်းအရ အရေးယူရန် လက်ရှိတွင် ချုပ်နှောင်ထားကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** တနိုင်းမြို့အခြေစိုက် ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်ရှိအချိန်တွင် ရှေ့တန်းနေရာများ၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး ထွက်ပြေးတဲ့ဖြစ်စဉ်မရှိသလို ဖမ်းဆီးခံရတာလည်း မရှိခဲ့ကြောင်း တပ်တွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ မြေပြင်မှာ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်း အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး လိုင်းပေါ်ကနေ လုပ်ကြံဖန်တီး၍ ဝါဒဖြန့်ရေးသားထားခြင်းသာဖြစ်ပါသည်။