ဖေဖော်ဝါရီလ ၂၈ ရက် လူမှုကွန်ရက်ပေါ်က သတိ ပြုဖွယ် သတင်းအတုနှင့်သတင်းအမှားများ

• ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ကလေးမြို့နယ် ခိုင်ကမ်း ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် CAN/ PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ CAN/ PDF ၄ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခုနှင့် ဦးထုပ် ၁ လုံးတို့အား သိမ်းဆည်းရရှိခြင်းကို Mizzima မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အပုတ်ချ၍ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ မုံရွာမြို့နယ် ကြေးမုံကျေးရွာအတွင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PDF ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၃ လက်၊ ၆၀မမ ဗုံးသီး ၉ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ ကျည် ၁၀ တောင့်၊ ယမ်းထုပ်(၁ပိဿာ) ၁ ထုပ်၊ အိုင်ကွန် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း(PDF တံဆိပ်ပါ) ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ ကျည်ကာဦးထုပ်(အနက်) ၈ လုံး၊ ကျည်ကာအင်္ကျီ(အနက်) ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည်အိမ် ၁ ခု၊ စူပါကာစတန်အမျိုးအစား(YGN-4B-3359) ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၄ စီးတို့အား သိမ်းဆည်းရရှိခြင်းကို Mizzima မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်ဆိုပြီး အရှက်ပြေလိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် အုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရခြင်းမရှိသော်လည်း Khit Thit Media မှ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ဖမ်းဆီးခံရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းဖြစ်စဉ်တွင် စစ်ကူလာသော တပ်မတော်မှ ခမရ-၇၀၈ နှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PDF ၁ လောင်း၊ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့အား သိမ်းဆည်းရရှိခြင်းကို Khit Thit Media မှ အမှန်မရေးဘဲ လုံခြုံ ရေး တပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးတယ်ဆိုပြီး အရှက်မဲ့စွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် ဈေးဝယ်ပြီးပြန်လာသော ရွာသား ၃ ဦးအား PDF အဖွဲ့များက လမ်းမှာစောင့်ကြိုဖမ်းဆီးကာ သတ်ဖြတ်သွားပြီး ဈေးပစ္စည်းများအား ခိုးယူသွားကြောင်းကို Khit Thit Media မှ PDF တွေရဲ့ အောက်တန်းကျယုတ်မာမှုကို အမှန်မရေးဘဲ ဗြောင်လိမ်ကာ ပျူစောထီး ၃ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး ကလိမ်ကကျစ်ထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးဘုရားအနီးရှိ ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းမှ မွတ်ဆလင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဖမ်းဆီးခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ရန်ကုန်မြို့လေဆိပ်ရှိ၊ အမျိုးသားလေကြောင်းလိုင်းတွင် လိုက်ပါလာသော ခရီးသည်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဖမ်းဆီးခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးလာစေရန် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မတ္တရာမြို့နယ်၊ ခြေတော်ရွာကျေးရွာတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ရွာသားများကို ဖမ်းဆီးသတ်ဖြတ်တာမရှိသလို လူ ၂ ဦးသေဆုံးတဲ့ သေမှုသေခင်းလည်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit Media နှင့် မြေလတ်အသံ တို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF အဖွဲ့များ အထိနာ၍ ကျေးရွာအတွင်း ဝင်ရောက်ထွက်ပြေးခြင်းကို မြေလတ်အသံမှ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။