နံဇရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၁ နေ့ ည ၇ နာရီကျော်ခန့်တွင် ကျောက်တံခါးမြို့နယ် နံဇရွာ နှင့် တလိုင်းခင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်၏ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇ ၊ပိန်းဇလုပ်အခြေစိုက်ခလရ ၂၆၄ ၊ ဖြူးအခြေစိုက်၃၀၈ တို့မှစစ်သားများပါဝင်သည့်စစ်ကြောင်းကို တလိုင်းခင်ရွာနှင့် နဇံရွာသင်္ချိုင်းအနီးတွင်တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Khit Thit မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာဇူလိုင် ၂၁ ရက်နေ့ကျောက်တံခါးမြို့နယ်၊တလိုင်းခင်ရွာနှင့်နဇံရွာသင်္ချိုင်းအနီးတွင် လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အလောင်း ၁ လောင်းနှင့် သေနတ် ၁ လက်ရရှိခဲ့ပြီး တပ်မှထိခိုက်မှုမရှိရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ PDF တွေဒီရက်ပိုင်းအသေအပျောက်များနေတာကို Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကိုအပုတ်ချကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေတယ်ဆိုပြီးစိတ်ကူးပုံဖော်လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။

Disinformation

FACT-CHECK