ရွှေဘုန်းတိုးစေတီအား KNU/PDF အကြမ်းဖက် သမားများက ဒရုန်းဖြင့်တိုက်ခိုက်

ဇူလိုင်လ ၂၃ ရက်နေ့ ည၁၂ နာရီအချိန်ခန့်က KNU နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ရှိ ရွှေဘုန်းတိုးစေတီပေါ်သို့ ဒရုန်းဗုံးဖြင့်ပစ်ချခဲ့ရာ ဘုရားဘေးရှိ နတ်စင်တစ်ခုပျက်ဆီးခဲ့ပြီး ဗုံးစများ စေတီတော်သို့ ထိမှန်ခဲ့ကြောင်း၊ လျှပ်စစ်ဆက်သွယ်ရေး တာဝါတိုင်ပေါ်သို့လည်း ပစ်ချခဲ့ရာ 230KV Single Line ပေါ်ရှိ တောင်ငူ – သာယာကုန်း – ပဲခူး ကမာနတ် သို့ဆက်သွယ်ထားသော တာဝါတိုင်ကြီး တစ်ခုပြိုကျပျက်ဆီးခဲ့သဖြင့် ပဲခူးမြို့ရှိ မြို့နယ်အချို့ လျှပ်စစ်မီးပြတ်တောက်လျှက်ရှိကြောင်း သိရပါတယ်။