စည်သူ-သံဘိုသစ်ကွင်းတိုက်ပွဲမှာ စစ်သား ၁၅ ဦးသေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ စည်သူ-သံဘိုသစ်ကွင်း အနီးတွင် တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ် လ ၆ ရက်နံနက် ၇ နာရီကစတင်ဖြစ်ပွားသည့် တိုက်ပွဲတွင်စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ စည်သူ-သံဘိုသစ်ကွင်း အနီးတွင် တပ်မတော်နှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ M-22 ၁ လက်၊ လက်လုပ်မိုင်း ၁၈ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၉ လုံး၊ ဘတ္ထရီအိုး ၄ လုံး၊ ရီမု ဆားကစ်ပြား ၂ ခု၊ ၁၀၀ ပေခန့် ဝါယာကြိုး ၂ ခွေအား တပ်မတော်ဘက်ကရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် တပ်မတော်ကို ပြည်သူများယုံကြည်မှုကင်းမဲ့အောင် PDF တွေသေတာကို စစ်သား ၁၅ ဦးသေတယ်ဆိုပြီး အရှက်မဲ့စွာလိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။