ကျောက်ကြီးမြို့၊ ကြို့ကုန်းကျေးရွာအဝင်တွင် တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၉ ရက်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၏ တောင်ဘက်ရှိ ကြို့ကုန်းကျေးရွာအတွင်း
နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန်အတွက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေပြုနေရာမှထွက်ခွာလာစဉ်
အဆိုပါကျေးရွာအဝင်သို့အရောက် KNLA တပ်မဟာ(၃)၊ တပ်ရင်း(၉)မှ အင်အား ၁၀ ဦးခန့်ကို
စတင်တွေ့ရှိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ KNLA များအရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ပါတယ်….
တိုက်ပွဲအတွင်း-
-ရန်သူအလောင်း ၁ လောင်း
-အမ်(၇၉) ၁ လက်
-၄၀ မမ ဗုံးသီး ၃ လုံးသိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…