အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက်မှောင်ခိုများဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂလန်းအနီး မွန်စီရင်စုမှာ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းအမြောက်အများကို အာသံရိုင်ဖယ်တပ်က ရှာဖွေဖော်ထုတ် ဖမ်းမိခဲ့တယ်လို ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

၎င်း အာသံရိုင်ဖယ်တပ်ဖွဲ့ ဟာ သတင်းအရ ထိုနေရာကို ဧပြီ ၂၉ ရက်နေ့မှာ သွားရောက်ရှာဖွေခဲ့တာဖြစ်ပြီး အဲဒီ့ကနေ ၈၁ မမ စိန်ပြောင်း ၁၁ ခု၊ ပစ္စတို ၁၀ လက်၊ ရေဒီယိုဆက်သွယ်ရေး လက်ကိုင်စက် ၁၉၈ လုံး၊ ဂြိုဟ်တုဖုန်း ၁ လုံး၊ ခဲယမ်း၊ ကန်ဘိုဆိုင်ကယ်တစ်စီးနဲ့ ဘိုလာရိုကားတစ်စီးတို့ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းလက်နက်၊ ခဲယမ်းတွေနဲ့ ပတ်သက် ဆက်စပ်သူ ၁ ဦးကိုပါ ဖမ်းမိခဲ့သေးတယ်လို ထုတ်ပြန်ထားပေမယ့် ဘယ်အဖွဲအစည်းက ဖြစ်တယ်ဆိုတာကိုတော့ အိန္ဒိယဘက်က ထုတ်ပြန်ပြောဆိုတာမရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။အာသံရိုင်ဖယ်တပ်ကို နယ်မြေတည်ငြိမ်ရေးနဲ့ လက်နက်မှောင်ခိုမှုတွေ၊ မူးယစ်မှောင်ခိုမှုတွေအတွက် အိန္ဒိယအစိုးရကတာဝန်ပေးထားတာဖြစ်ပြီး သိမ်းဆည်းရမိတာတွေကို နာဂလန်းရဲတပ်ဖွဲ့ဆီ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။
Credit 𝙈𝙃𝙏 𝙉𝙀𝙒𝙎