ခြေလျင်တပ်များမှာ ထိရောက်စွာအသုံးပြုနေတဲ့ အီရန်နဲ့ ရုရှားဒရုန်းအမျိုးအစားသစ်များ

အီရန်နိုင်ငံဟာ ကင်းထောက်ဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်းမှ လေပေါ်ဝဲခဲယမ်းတွေအထိ မောင်းသူမဲ့လေယာဉ်အမျိုးအစား ၅၀ ကျော် တီထွင်ထုတ်လုပ်ထားရှိကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြလျက်ရှိပါတယ်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲဟာ ရုရှားရဲ့ မတူကွဲပြားတဲ့ X-Winged Lancet စီးရီး လေပေါ်ဝဲခဲယမ်းမှ ဒီဇိုင်းကိုယူထားတဲ့ ဒရုန်းဒီဇိုင်းအသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ယခုထိတိုင် တရားဝင်ထုတ်ဖော်ပြသတာ/အမည်ပေးထားတာ မရှိသေးတဲ့ မောင်းသူမဲ့လေယာဉ်သစ်ရဲ့ ဓာတ်ပုံကို အီရန်ရဲ့ Tasnim သတင်းအေဂျင်စီက ၁ စက္ကန့်ကြာ ကလစ်ဖြင့် ပြသခဲ့တာဖြစ်ပြီး ယင်းဗီဒီယိုက ဒရုန်းရဲ့ နောက်ပိုင်းမှာ တပ်ဆင်ထားတဲ့ ရော့ကတ်အင်ဂျင်တစ်ခုရဲ့ အကူအညီနှင့်အတူ အမည်ဖော်ပြထားခြင်းမရှိတဲ့နေရာမှ ဒရုန်းပျံတတ်လာမှုကို ပြသခဲ့တာပဲဖြစ်ပါတယ်။

လေပေါ်ဝဲခဲယမ်းသစ်ဟာ ရုရှားလုပ် Lancet ဒရုန်းနှင့် ဆင်တူပြီး ၃၀ မိနစ်မှ ၆၀ မိနစ်အတွင်း ပျံသန်းနိုင်ကာ ကီလိုမီတာ ၄၀ အတွင်း ၃ ကီလိုဂရမ်မှ ၆ ကီလိုဂရမ်ထိ ဝန်ချိန်ကို သယ်ဆောင်နိုင်ပါတယ်။

မောင်းသူမဲ့လေယာဉ်ဟာ အီရန်ကြည်းတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးပြီး တန်ပြန်ချုံခိုတိုက်ခိုက်မှု စစ်ဆင်ရေးအတွက် အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ်

#crdတိုက်ပွဲသတင်းစုံ