ထောင်ထဲပြန်ရောက်ပြီး တစ်နာရီအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့ တောင်အာဖရိကသမ္မတဟောင်း ဇူးမား

တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ဇူးမားကို ကျန်းမာရေးမကောင်းလို့ ထောင်မှ ပြန်လွှတ်ပေးတာဟာ ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ဩဂုတ် ၁၁ ရက်က ထောင်ထဲပြန်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ထဲမှာလည်း အကျဉ်းသားတွေနဲ့ ပြည့်ကျပ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်လုပ်ငန်းစဉ်နဲ့ တစ်နာရီအကြာမှာပဲ ဇူးမား ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း စီအင်န်အင်န်သတင်းမှာ ဖော်ပြထားပါတယ်။