အဖွဲ့ဝင်သစ်တိုင်းပြည် ၆ ခုကို လက်ခံလိုက်ပြီဖြစ်တဲ့ BRICS

ထပ်တိုးလာတဲ့ အဖွဲ့ဝင်နိုင်ငံသစ်တွေဟာ ချမ်းသာပြီး၊ ရေနံအလျှံအပယ်ထွက်တဲ့အပြင် ပထဝီနိုင်ငံရေးအရ အချက်အခြာကျတဲ့တိုင်းပြည်တွေပါဝင်နေပါတယ်။ သူတို့ကတော့ အာဂျင်တီးနား၊ အီရန်၊ ဆော်ဒီ၊ UAE၊ အီဂျစ်နဲ့ အီသီယိုးပီးယား တို့ပဲဖြစ်ပါတယ်။

စုစုပေါင်း ၁၁ နိုင်ငံပါတဲ့အဖွဲ့ကြီး ဖြစ်လာတဲ့ BRICS ကို တရုတ်က ဦးဆောင်နေပြီး သမ္မတရှီက ခုလိုအဖွဲ့ဝင်သစ်တွေတိုးလာတာဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအကြား အကျိုးစီးပွားတွေ ပိုမိုပူးပေါင်းလုပ်လာနိုင်မယ်လို့ ဆိုပါတယ်။

G-20 အပါအဝင် ဒေါ်လာကြီးစိုးနေမှုနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကို ယှဉ်ဖိုက်နိုင်ဖို့ ခြေလှမ်းသစ်စတင်လိုက်တဲ့ သဘောမျိုးတွေ့ရပါတယ်။

fossilnews