ပြင်သစ်၊ဂျာမန်၊အမေရိကန်နှင့်နိုင်ဂျီးရီးယား သံအမတ်ကြီးများကို နိုင်ဂျာနိုင်ငံမှနှင်ထုတ်

ဇူလိုင် ၂၆ ရက်နေ့က အာဏာသိမ်းပိုက်ခဲ့တဲ့ နိုင်ဂျာနိုင်ငံရဲ့ ခေါင်းဆောင်က ပြင်သစ်သံအမတ် ဆဲလ်ဗိန်းအစ်တ်ကို နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာရန် အမိန့်ပေးလိုက်ပါတယ်။ အဲဒီအပြင် ဂျာမန်၊အမေရိကန်နှင့် နိုင်ဂျီးရီးယားသံအမတ်ကြီးတွေကိုလည်း နှင်ထုတ်လိုက်ပါတယ်။ နိုင်ဂျာနဲ့ ကိုလိုနီနိုင်ငံဟောင်း ပြင်သစ်တို့ကြား ဆက်ဆံရေးကလည်း ပိုပြီးဆိုးရွားနေပါတယ်။

မကြာသေးမီက အိမ်နီးချင်း ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့မှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့သလိုပင် နိုင်ဂျာနိုင်ငံမှာလည်း ပြင်သစ်ဆန့်ကျင်ရေး ကြီးထွားလာစဥ် စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပြီး အချို့ပြည်သူတွေက ပြင်သစ်ဟာ သူတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲနေကြပါတယ်။
Source: Reuters

YMG #Yangon_Times