ဘရာဇီးတောင်ဘက်မှာ မိုးကြီးလို့ လူ ၃၇ ဦး သေဆုံးပြီး ၇၀ ကျော်ပျောက်ဆုံးနေ

မေလ ၄ ရက်နေ့ ဘရာဇီးနိုင်ငံတောင်ဘက်စွန်းပြည်နယ် ရီယိုဂရန်းဒိုဆူးလ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောဆိုပြီး ပျောက်ဆုံးနေသူ ဒါဇင်များစွာရှိနေတာကြောင့် သေဆုံးဦးရေ မြင့်တက်လာနိုင်တယ်လို့လည်း သိရပါတယ်။

ဥရုဂွေး၊ အာဂျင်တီးနားနိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ယင်းပြည်နယ်မှာ လူ ၇၀ ကျော် ပျောက်ဆုံးလျက်ရှိနေသေးပြီး လူပေါင်း ၂၃၀၀၀ ခန့်ဟာ နေအိမ်စွန့်ခွာခဲ့ရပါတယ်။ ပြည်နယ်ရဲ့ မြိုပေါင်း ၄၉၇ မြို့မှာ ထက်ဝက်လောက်အထိ မိုးကြီးရေလျှံမှုဒဏ် ခံနေရတယ်လို့ ရီယိုဂရန်းဒိုဆူးလ် အရပ်ဖက်ကာကွယ်ရေးဌာနက ပြောဆိုကြောင်းသိရပါတယ်။ #Crd