မေလ ၄ ရက်နေ့ တိုက်ပွဲသတင်းများ

မေလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

ရှမ်းပြည်အရှေ့ပိုင်း
ဆီဆိုင်မြို့နယ်၊ လွိုင်လင်လေးဒေသ၊ နောင်ပိုရွာအနီးတွင် နယ်မြေရှင်းလင်းနေတဲ့စစ်ကြောင်းနှင့် KNDF/PNLO အကြမ်းဖက် ၈၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူသည် တောင်ဘက်သို့ထွက်ပြေးသွားကြောင်း သိရှိရ။

KNDF/PNLO အလောင်း ၁ လောင်း ရရှိပြီး စစ်သည် ၁ ဦး ဒဏ်ရာရ။

တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီမြို့နယ်၊ သိန္ဓောစခန်းအနီး မီတာ ၄၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်သမား ၂၀ ဦးခန့်တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများ ဆုတ်ခွာသွားခဲ့။

အကြမ်းဖက် အလောင်း ၂ လောင်း၊ ပြောင်းချောသေနတ် ၂ လက်၊ ကိုးလုံးကျည် ၁၆ တောင့် သိမ်းဆည်းရမိပြီး မိမိဘက် ထိခိုက်မှုမရှိ။

ရခိုင်ပြည်နယ်
ဖုန်ညိုလိပ်ဒေသ(ဝါးခုတ်ချောင်း) တန်ရှောက်ခံရွာအနီးတွင် စစ်ကြောင်းနှင့် AA သကသ ၅၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသည် ၎င်းတို့အလောင်းများအား ဆိုင်ကယ်၊ သုံးဘီးယာဉ်များဖြင့် တင်ဆောင်သွားပြီး မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။
ရန်သူ့နေရာအား သွားရောက်ရှင်းလင်းရာ AA အလောင်း ၂ လောင်း၊ MA-3 သေနတ် ၁ လက်၊ ကျည် ၂၀ တောင့်တို့အား သိမ်းဆည်းရမိပြီး စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရ။