ဇန်နဝါရီလ ၁၄ ရက်နေ့တိုက်ပွဲသတင်းများ

-ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ နေရာ ၅ နေရာမှ KIA သောင်းကျန်းသူ ၂၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား AA သောင်းကျန်းသူ ၁၃၀ ဦးခန့်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မဟာမုနိဘုရားကြီးပေါ်သို့ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ AA သောင်းကျန်းသူများအား လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့။

-ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ တာဝါတိုင်ကုန်းသို့ AA သောင်းကျန်းသူအဖွဲ့က drone ၃ စီးဖြင့် ဗုံးသီး ၂၅ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး နေရာ ၃ နေရာမှ AA ၃၀၀ ဦးခန့်က လက်နက်ကြီး၊ ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ခမရ(၃၈၀) သို့ AA သောင်းကျန်းသူ ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်း ပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့စခန်းသို့ PDF ၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ဆုတ်ခွာထွက်ပြေးသွားခဲ့။

-ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းလမ်းကြောင်းထိန်းစခန်းသို့ အကြမ်းဖက်သူ အင်အား ၂၂၀ ဦးခန့်က Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် KIA+PDF ပူးပေါင်း ၂၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၂ လောင်း၊ အမ်အေ(၃) ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၇၅ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။