မော်ကျွန်းမြို့ အောင်သာယာဈေးဆိုင်ခန်း တစ်ရာခန့် မီးလောင်ပျက်စီး

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်က အောင်သာယာမြို့မဈေးမှာ ဧပြီ ၁၅ ရက်နေ့ ည ၈ နာရီကျော်က မီးလောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ခန်း တစ်ရာနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

နာရီဝက်နီးပါး မီးလောင်ကျွမ်းခဲ့ပြီးနောက် ဈေးဆိုင်ခန်းတွေမှာရှိတဲ့ သိန်းရာနဲ့ချီတဲ့ ကုန်ပစ္စည်း‌တွေပါ ဆုံးရှုံးခဲ့ရပြီး

“ဈေးက အကြီးလည်းမဟုတ်၊ အသေးလည်းမဟုတ်ဘူး၊ အတော်အတန်စုံတယ် အကုန်ရတယ်ပေါ့နော်။ အခုလောင်သွားတဲ့ ဆိုင်ခန်းတွေက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက် ကုန်ခြောက်တွေ ရောင်းတာ ပိုများတယ်။ ဈေးဆိုင်ရှင်တွေလည်း ငိုယိုနေကြတာ၊ ဘယ်ကစလောင်တယ်ဆိုတာတော့ မီးသတ်ကလည်း အတည်မပြုသေးသလို ကျနော်တို့လည်း မသိရသေးပါဘူး”

မြို့နယ်မီးသတ်ဦးစီးဌာနအပြင် ရပ်ကွက်နေပြည်သူတွေပါ စုစုပေါင်း အင်အားတစ်ရာကျော်နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရှိရပါတယ်။