အိုလံပစ်ခြေစစ်ပွဲအတွက် မြန်မာစကိတ်ကစားသမားတစ်ဦး စကောလားရှစ်ရရှိ

Olympic Solidarity Team ရဲ့ လူငယ်ဖွံ့ဖြိုးရေးပရိုဂရမ် စကောလားရှစ်အစီအစဉ်အရ ပြည်တွင်းပြည်ပ ပြိုင်ပွဲများမှာ ရမှတ်အများဆုံးရရှိတဲ့ ကစားသမားတွေ ရွေးချယ်ရာမှာ မောင်ထက်မြက်နိုင်ပါဝင်ခြင်းဖြစ်တယ် လို့ မြန်မာနိုင်ငံစကိတ်စီးအားကစားအသင်းက ထုတ်ပြန်ပါတယ်။

ဒီလိုရွေးချယ်ခံရတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ထက်မြက်နိုင်အနေနဲ့ ၂၀၂၃ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖေါ်ဝါရီ ၆ ရက်အထိ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် Street/Park Skateboarding World Championship 2023 ပြိုင်ပွဲ( ၂၀၂၄ ပြင်သစ် အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်အမှတ်ယြူပိုင်ပွဲ)မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲခြေစစ်ပွဲစဉ်အတွက် ယခုလိုစကောလားရှစ်အစီအစဉ်က ဒီနှစ်တွင်မှ စတင်တာဖြစ်ပြီး မြန်မာ ကစားသမားတစ်ဦးအနေနဲ့လည်း ပထမဆုံးအကြိမ်ရွေးချယ်ခံရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံစကိတ်စီး အားကစားအသင်းဒုဥက္ကဌဦးလွင်လတ်က ပြောပါတယ်။