ဒီဇင်ဘာ ၉ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ကယားပြည်နယ် လွိုင်ကော်မြို့ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ နံနက် ၆ နာရီခွဲနှင့် နေ့လည် ၁ နာရီခန့်တို့တွင် နေရာ ၃ နေရာမှ KNPP/KNDF+PDF ပူးပေါင်းအင်အား ၉၀ ဦးခန့်က ဒရုန်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၂။ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ရုံးများသို့ နံနက် ၇ နာရီခန့်နှင့် ၉ နာရီခန့်တို့တွင် KNPP/KNDFနှင့် PDF အင်အား ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၃။ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ချောင်းဦးစေတီသို့ KKO(ခွဲထွက်) နှင့် PDF ပူးပေါင်း ၅၀ ဦးခန့်တို့က ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၄။ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇော်မတက်ကျေးရွာသို့ နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ် ကျေးရွာအဝင်သို့အရောက် AA သောင်းကျန်းသူ အင်အား(စိစစ်ဆဲ) အဖွဲ့က ရီမုမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ဝန်းကျင်အား ရှင်းလင်းရာ ရီမုမိုင်း ၈ လုံး ဖော်ထုတ်သိမ်းဆည်းရခဲ့ကြောင်း သိရှိရ။

၅။စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် စေတီရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့များအား နေရာ ၅ နေရာမှ PDF အကြမ်းဖက် ၂၇၀ ဦးခန့်က ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။