ဒီဇင်ဘာ ၁၀ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၉ ရက် ၁၂၅၀ နာရီတွင် ပေါင်မြို့နယ်၊ ရင်းငြိမ်းမြောက်ကျေးရွာနေ ဦးမျိုးမင်းထွန်း(ခ)မှတ်ကြီး(၄၅)နှစ်သည် ကျောက်တန်းကျေးရွာသို့ သွားရောက်ခဲ့ရာ ကျောက်တန်းကျေးရွာနှင့် ကျောက်ရေတွင်းကျေးရွာသွားလမ်းသို့ အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ နောက်စေ့၊ ယာလက်မောင်းကျည် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၉ ရက် ၁၀၅၀ နာရီတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၀)နေ ဦးမင်းမင်းထိုက်(ခ)မင်းမင်း(၃၁)နှစ်သည် ထန်းတောရပ်ကွက်၊ နယ်မြေ(၃)ရှိ မိတ်ဆွေဖြစ်သူ ဦးသိန်းလွင်၏ နေအိမ်မှ ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ရာ သမ္မစိတ္တလမ်းပေါ်သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ ၂ ဦး သည် နောက်မှဆိုင်ကယ် ၁ စီးဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမင်းမင်းထိုက်(ခ)မင်းမင်းတွင် ဦးခေါင်း၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၉ ရက် ၁၃၃၀ နာရီတွင် မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာရှိ သုဿာန်၌ ကျား ၁ ဦး သေဆုံး နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ (စိစစ်ဆဲ)ကျား(၄၅) နှစ်ခန့်တွင် နောက်စေ့၊ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မတ္တရာမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရ။

-မကွေးတိုင်းဒေသကြီး၊ စလင်းမြို နယ်၊ ကန်တော်ကျေးရွာ၏ အ နောက်ဘက် သုသာန်ဇရပ်ပေါ်တွင် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်၌ PDF အကြမ်း ဖက်သမားများသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ထားသဖြင့် ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ် ရာ၊ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ဝဲပုခုံးကျည်ထိမှန်များဖြင့် သေဆုံးနေသည့် စလင်းမြို၊ ဈေးမရပ်ကွက်နေ ဒေါ်လဲ့လဲ့စိုး (၅၅) နှစ်၏ အလောင်းအားတွေ့ရှိခဲ့ကြောင်းသိရှိရ။

-စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို နယ်၊ မြဝတီရပ်ကွက်နေ ဦးမျိုးမင်းထိုက် (၃၁) နှစ်သည် ဒီဇင်ဘာ လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ၌ ထန်းတောရပ်ကွက်ရှိ ငွေဇင်ရော် အအေးဆိုင်တွင်ရှိနေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် PDF အကြမ်းဖက်သမား ၂ ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမျိုးမင်းထိုက်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရှိရ။