လက်ရှိတွင် ဆု ၂ ခု ရရှိထားပြီဖြစ်တဲ့ နီနီလင်းအိမ်

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Grand International 2023 Rehearsal မှာ မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်က Global Beauties ရဲ့ Miss Photogenic award by Global Beauties နဲ့ Grand Pageant’s Choice Award ဆုတွေကို ရရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြိုမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးရဲ့ Grand Final ကို ယနေ့အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာကိုယ်စားပြု အလှမယ် နီနီလင်းအိမ်ရဲ့ ကြိုးစားအားထုတ်မှုကို ပြည်တွင်းရော ပြည်ပနိုင်ငံအသီးသီးက ပရိသတ်တွေ၊ Fans တွေကလည်း အင်တိုက်အားတိုက် ဝန်းရံအားပေးနေကြတာလည်းဖြစ်ပါတယ်။ သူမရဲ့ Ni Ni Lin Eain Instagram မှာလည်း Follower 1 Million ကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။