ဖေဖော်ဝါရီ ၁ ရက်ကပြီး YBSကားတွေ လုမောင်း ပြိုင်မောင်း တာတွေ့ရင် ကျပ် ၁၀၀၀၀ ဒဏ်ရိုက်သွားမည်

YBS ယာဉ်များ တစ်စီးနဲ့တစ်စီး လုယက်မောင်းနှင်ခြင်းနဲ့ ကျော်တက်မောင်းနှင်တာတွေ စစ်ဆေးတွေ့ရှိပါက တစ်ကြိမ်ကျော်တက်လျှင် ဒဏ်ငွေ ၁၀၀၀၀ကျပ် ဒဏ်တပ်ကောက်ခံသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီYRTCကနေသိရပါတယ်။

YBS ယာဉ်တွေစနစ်တကျမောင်းနှင်ဖို့ ဒဏ်ကြေးချမှတ်တာနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆွေးနွေးပွဲမှာYRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

YBS ယာဉ် မောင်းများအနေနဲ့ ကားကိုကျော်တက်မောင်းနှင်တာမပြု လုပ်ဖို့အပြင် ယာဉ်စီးခသတ်မှတ်နှုန်းထားထက် ပိုမကောက်ဖို့နဲ့ စပယ်ယာ ယာဉ်နောက်လိုက်များတင်မောင်းခြင်းမပြုဖို့ များကို YRTCက မှာကြားထားပါတယ်။