မအူပင်မြို့မှာ ညပိုင်းတွေ ဒုစရိုက်သမားတွေကအခွင့်ကောင်းယူ ခြိမ်းခြောက်လုယက်မှုများလာ

ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်မှာ လျှပ်စစ်မီးပုံမှန်မလာတဲ့အတွက်ကြောင့် လမ်းမီးတွေမရှိတာကို ဒုစရိုက် သမား တွေက အခွင့်ကောင်းယူကာ အသက်အန္တရာယ်ခြိမ်းခြောက် လုယက်မှုတွေ လုပ်လာကြတယ်လို့ မအူပင်မြို့ခံတွေဆီကနေ သိရပါတယ်။

မအူပင်မြို့နယ်မှာ ပုံမှန်မလာတဲ့ လျှပ်စစ်မီး ပြတ်တောက် တဲ့ ညနေစောင်းနဲ့ ညဘက်အချိန်တွေကို အခွင့်ကောင်းယူ ကာ လမ်းသွားလမ်းလာတွေဆီကနေ တန်ဖိုးကြီးပစ္စည်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး အဖွဲ့တစ်ဖွဲ့ကို လူ ၃ ယောက် အနည်းဆုံးပါတဲ့ လုယက်တဲ့ အဖွဲ့တွေကအတင့်ရဲလုယက်လာကြတယ်လို့ ကိုယ့်တွေ့ကြုံရတဲ့ ဒေသခံတစ် ဦးက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

”အခုက ကျွန်တော်တို့မြို့မှာ ညဘက် အပြင်မထွက် ရဲသလောက်ဖြစ်နေတယ် ၊ အလုပ်ကိစ္စတစ်ခုနဲ့ အပြင်သွားတာ ၊ အနောက်ကနေ နောက်ယောင်ခံလိုက်လု ယက်တဲ့အဖွဲ့က လိုက်လာတာ ၊ လက်ထဲမှာကိုင်လာတဲ့ ဖုန်းကို အတင်းဝင်လုသွားတာ ၊ အော်ရင် သတ်ပစ်မယ် ဆိုလို့ မအော်ရဲဘူး ၊ အဲ့အချိန်က လမ်းမီးလည်းမရှိဘူး ၊မီးပြတ်နေတဲ့အချိန်ပါ ၊ အိမ်တွေမှာလည်း မီးမရှိ အပြင်ကို မတွေ့ရတဲ့အချိန်ပါ ၊ ဒုစရိုက်သမားတွေက ပေါ်ပေါ်တင် တင်ပုံစံနဲ့ တော်တော်လေး အတင့်ရဲလာတာ ၊ သက်ဆိုင် ရာကလည်း ဒုစရိုက်သမားတွေ ဖမ်းမမိပဲ ၊ နိုင်ငံရေး သမားတွေပဲ ဖမ်းနေတော့ သူတို့အတွက် အခွင့် အေရး တစ်ခုပဲ ။”လို့သူကဆက် ပြောပါတယ်။