ကားထိုင်ခုံခါးပတ်မပတ်ဘဲ ကားစီးနင်းခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက် ဒဏ်ရိုက်ခံရ

မော်တော်ကားနောက်ခန်းအတွင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုထဲ ဗြိတိန်ဝန်ကြီးချုပ် ဆူနက် ဟာ ထိုင်ခုံ ခါးပတ်မပတ်ထားဘဲ လိုက်ပါစီးနင်းလာခဲ့တာကို ဆိုရှယ်မီဒီယာအသုံးပြုသူတွေ များစွာ သတိပြု မိခဲ့ပြီးတဲ့နောက် လန်ကက်ရှိုင်းယား ရဲတပ်ဖွဲ့က ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အဖြစ်အပျက်ကို စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့က ဝန်ကြီးချုပ် ဆူနက်ဟာ မောင်းနှင်နေတဲ့ ကားပေါ် ကားထိုင်ခုံ ခါးပတ်မပတ်ထားတာကြောင့် ဒဏ်ငွေ ပေါင် ၁၀၀ ပေးဆောင်ဖို့ သတ်မှတ် ထားတဲ့သ တိပေးချက် ထုတ်ပြန်ထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

“ လန်ကက်ရှိုင်းယားမှာ မောင်းနှင်နေတဲ့ ကားတစ်စီးပေါ် ခရီးသည်တစ်ဦးက ထိုင်ခုံ ခါးပတ် မပတ်ထားတာကို ဆိုရှယ်မီဒီယာ ဗွီဒီယိုဖိုင်တစ်ခုမှာ ဇန်နဝါရီလ ၂၀ ရက် သောကြာနေ့တုန်းက တွေ့ရပါတယ်။ လန်ဒန်မြို့က အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို စည်းကမ်းသတ်မှတ် ချက်နဲ့ ထုတ်ပြန်ခဲ့တယ်။ ဒဏ်ကြေး ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်” လို့ ရဲတပ်ဖွဲ့ရဲ့ထုတ် ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။