လောင်းကစားရုံများ၌ အဓမ္မခိုင်းစေထားသည့် ထိုင်း(၉၂) ဦးကို နစကမှ ကယ်တင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့၊ Yatai အထူးစီးပွားရေးဇုန်အတွင်း၌ ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် တရားမဝင် လောင်းကစားရုံများ၌ လစာမပေးဘဲ အဓမ္မ ခိုင်းစေခြင်းခံထားရသည့် ထိုင်းနိုင်ငံသား (၉၂) ဦးကို မြန်မာနိုင်ငံအစိုးရမှ ကယ်တင်ခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးသွားမည်လို့ သိရပါတယ်။

ထိုသို့ လုပ်ခလစာမရရှိဘဲ အဓမ္မခိုင်းစေခြင်းခံနေရသည့် အဆိုပါ ထိုင်းနိုင်ငံသားများကို ကယ်ထုတ်ပေးရန် ထိုင်းအစိုးရမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်က မြန်မာနိုင်ငံအစိုးရထံ အကူအညီတောင်းခံခဲ့သဖြင့် မြန်မာအစိုးရမှကူညီကယ်တင်ခဲ့ပြီးနောက် ယနေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ- မဲဆောက် အမှတ် (၂) တံတားမှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ #Crd