ရန်ကုန်-အင်းစိန်လမ်းမှ လက်လုပ်ဗုံး ၂ လုံးအား အချိန်မှီဖယ်ရှား

ဧပြီလ ၂၈ ရက်နေ့ နံနက် (၀၆၅၀) အချိန် လှိုင်မြိုနယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်း DHL အမြန်ချောပို့ လုပ်ငန်းရှေ့တွင် မသင်္ကာဖွယ်တွေ့ရှိကြောင်းသတင်းအရ သွားရောက်စိစစ်ခဲ့ရာ DHL အမြန်ချောပို့လုပ်ငန်း မျက်စောင်းထိုး ရန်ကုန်-အင်းစိန်လမ်း ပလက်ဖောင်းရေနှုတ်မြောင်းအဝတွင် လက်လုပ်ယမ်းများပါ Andaman Gold ဘီယာဘူး(၂)ခု၊ 9 Volt ဓာတ်ခဲ(၄)လုံး၊ ဆားကစ်ပြား(၂)ခုတို့အား ဝါယာကြိုးဖြင့်ချိတ်ဆက်လျက် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး(၂)လုံးအား တွေ့ရှိခဲ့သဖြင့် အတားအဆီးများပြုလုပ်ကာ ၀၈၀၅ အချိန် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ လူ/ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်။ #Crd