PDF အကြမ်းဖက်သမားများသေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်သို့လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး သော့ခတ်ထားသော နေအိမ်ဘာဂျာ သံတံခါးအား ဖွင့်ပေးရန်နှင့် မဖွင့်ပါက မိသားစုအားလုံးကို ပစ်သတ်မည်ဟု သေနတ်ဖြင့် ခြိမ်းခြောက်၍ ဖွင့်ခိုင်းခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းသို့ ဝင်ရောက်၍ ပရိဘောဂများအား ရိုက်ခွဲဖျက်ဆီးကာ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့် တို့အား ယူဆောင်ပြီး မိုင်း ၁ လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်အတွင်း လက်လုပ်မိုင်း ၂ လုံး ထောင်ထားခဲ့ပြီး အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပြီး အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။