ဦးမောင်မောင်ကျော်နှင့် ကွာရှင်းကြောင်း သရုပ်ဆောင် မို့မို့မြင့်အောင် ကြေညာ

သရုပ်ဆောင် မို့မို့မြင့်အောင်က သူမရဲ့ယောကျ်ားဖြစ်သူ ဦးမောင်မောင်ကျော်က ငွေကြေးအရှုပ်အရှင်းများ ပြုလုပ်သဖြင့်
ကွာရှင်းကြောင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာခဲ့တယ်လို့သိရပါတယ်။ ဦးမောင်မောင်ကျော်နှင့် မင်းသမီးမို့မို့မြင့်အောင်တို့ဟာ
၁၉၈၇ ခုနှစ်ကနေ စပြီး လက်ထပ်ပေါင်းသင်းလာခဲ့ပြီး နှစ်ပေါင်း ၃၅ နှစ်ကျော်အကြာမှာ ကွာရှင်းခဲ့ခြင်းဖြစ်ပါတယ်။
သရုပ်ဆောင်မို့မို့မြင့်အောင်မှ သူမ၏ တရားလွှတ်တော်ရှေ့နေဒေါ်မေသွယ်တင်လတ်မှတစ်ဆင့် ကြေညာချက်မှာ “ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်(၁၂/တမန (နိုင်) ၀၆၁၇၀၀) နှင့် ဦးမောင်မောင်ကျော် (၁၂/တမန (နိုင်) ၀၆၁၆၉၉) တို့သည် (၁၇-၂-၁၉၈၇)နေ့မှ စ၍ တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ပါသည်။ ကျွန်ုပ် မိတ်ဆွေ ဒေါ်မိုမိုမြင့်အောင်သည် ခင်ပွန်းသည်အား မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့ပါသည်။ သို့သော် ဦးမောင်မောင်ကျော်သည် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း သိရှိသောအခါ ကျွန်ုပ်မိတ်ဆွေမှ လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိပါ၍ နှစ်ဦးသဘောတူညီချက်အရ (၂၄-၁၁-၂၀၂၂) နေ့၌ မြို့နယ်တရားသူကြီး အမှတ်(၂)စည်ပင်သာယာတရားရုံး၊ လသာမြို့နယ်တွင် တရားဝင်ကွာရှင်းပြီးဖြစ်ပါသည်။ သို့ပါ၍ ပေါင်းသင်းစဉ်ကာလအတွင်း ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော်ကျူးလွန်ခဲ့သော ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါက ယင်းငွေကြေးကိစ္စရပ်များအား ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်တွင် လုံးဝတာဝန်မရှိပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် ကြေညာအပ်ပါသည်။ (မေးမြန်းစုံစမ်းခြင်းသည်းခံပါ)” ဟု ဖော်ပြထားတာကို တွေ့ရှိရပါတယ်ရှင်။