ဟင်းသီးဟင်းရွက်တွေရောင်းပြီး ဒေါ်လာ ၈ သောင်းကျော် ဝင်ငွေရနေတဲ့ မလေးရှား တောင်ယာလုပ်ငန်းရှင်

မလေးရှားတောင်ယာလယ်သမား လုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေ စိုက်ပျိုးရောင်းချရာမှ တစ်လလျှင် မလေးရှား ရင်းဂစ် ၄ သိန်းကျော် ( ဒေါ်လာ ၈ သောင်းကျော်) ဝင်ငွေရရှိနေတယ်လို့ သိရပါတယ်။

မကြာသေးမီကမှ အင်တာနက်နဲ့ သတင်းစာမျက်နှာတွေပေါ် အထိ ရောက်လာတဲ့ မလေးရှားလူငယ် လုပ်ငန်းရှင်တစ်ဦးရဲ့ အောင်မြင်မှုအကြောင်းက လူတွေကို အားကျစေခဲ့ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ဘယ်လိုကန့်သတ်ချက်တွေကမှ အောင်မြင် မှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သိစေခဲ့ပါတယ်။