နောက်ဆုံးရ မနက်ခင်း သတင်းတိုများ

လိုက်ပ်ဇစ်အသင်းနည်းပြ ရို့စ်ကတော့ ၎င်းတို့အသင်းဘက်ကို တစ်ဦးထဲ သွင်းဂိုး ၅ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းကို ထိမ်းချုပ်ဖို့ မတက်စွမ်းနိုင်ခဲ့ကြောင်း ပွဲအပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

အင်တာအသင်းနည်းပြ အင်ဇာဂီကတော့ ပေါ်တိုအသင်း တိုက်စစ်ကို ကြံ့ကြံ့ခံ ခုခံကာကွယ်သွားခဲ့ကြတဲ့ အသင်းသားတွေရဲ့ စည်းလုံးမှုကို ပွဲအပြီး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းကတော့ လိုက်ပ်ဇစ်နဲ့ ပွဲမှာသွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး ၃၀ ကို အသက်အငယ်ဆုံး သွင်းယူခဲ့ဖူးတဲ့ ဘတ်ပေရဲ့ စံချိန်ကိုလည်း ဟာလန်းတစ်ယောက် ရက်ပေါင်း ၁၆၆ ရက်အသာနဲ့ ထပ်မံကျော်ဖြတ်နိုင်ခဲ့ပြီး မန်ယူအသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့ စံချိန်ကိုလည်း ထပ်မံကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အင်တာမီလန် အသင်းဒါရိုက်တာ တစ်ယောက်ကတော့ လူကာကူဟာ အရင်တုန်းက လူကာကူလို ပုံစံမျိုး မဟုတ်တော့ဘူးဆိုပြီး ဖွင့်ဟပြောဆိုလိုက်တာကြောင့် လူကာကူရဲ့ အနာဂတ်က ဝေဝါးလာခဲ့ပါတယ်။

ဘရိုက်တန်ကြယ်ပွင့် အယ်လီစတာကတော့ လာမယ့်နွေ အသင်းကြီးတစ်သင်းထံ ပြောင်းရွှေ့ကစားလိုနေကြောင်း သတင်းရရှိပါတယ်။

ဝေးလ်အသင်းဟာ အသင်းခေါင်းဆောင်ဟောင်း ဘေးလ်ရဲ့ လက်ပတ်ရာထူးကို ရမ်ဆေးထံ ပြောင်းလဲ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံး ၈ နှစ်အတွင်း ပထမဆုံးအကြိမ် ၎င်းတို့ရဲ့ ကွင်းဝင်ကြေးတွေကို တိုးမြှင့်သက်မှတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Credit