လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း တည်ဆောက်နေ

နေပြည်တော်မှာ လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း တစ်ခု တည်ဆောက်နေပြီး စက်သုံးဆီ အရောင်းဆိုင်တွေ အကုန်လုံးမှာလည်း လျှပ်စစ်ကား အားသွင်းစနစ် (Charger)များတပ်ဆင်ရန်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(PPRD) က အကြောင်းကြားတယ်လို့ သိရပါတယ်။

နေပြည်တော် သပြေကုန်းဈေး ရှေ့ရှိ ယခင်က ဘတ်စ်ကားမှတ်တိုင်အဖြစ် လျာထားသတ်မှတ်ခဲ့တဲ့နေရာကို MG ကားကုမ္ပဏီက လျှပ်စစ်ကားအားသွင်းစရာ နေရာအဖြစ် စတင်ဆောက်လုပ်နေတာပါ။

လက်ရှိမှာ ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က ဆီဆိုင်တချို့မှာ လျှပ်စစ်ကား အားသွင်းစနစ် (Charger)တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ချက်မှာတော့ 60 kW Charger များကို သင့်တော်သည့် စက်သုံးဆီအရောင်းဆိုင်များတွင် ထားရှိရမယ်လို့ ဖော်ပြပါရှိပါတယ်။