ကျိုက္ကစံဆံတော်ရှင်စေတီတော် ဘုရားပွဲ ၇ရက်ကြာ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံ ဆံတော်ရှင်စေတီတော်ရဲ့ ၁၂၃ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလအတွင်း ၇ ရက်ကြာကျင်းပသွားမယ်လို့ စေတီတော်ဂေါပကအဖွဲ့ထံက သိရပါတယ်။

ကျိုက္ကစံစေတီတော် ဘုရားပွဲကို ဖေဖော်ဝါရီ ၂ရက်မှ ၈ ရက်အထိ ၈ ရက်ထိ ကျင်းပမှာဖြစ်ပြီး ပွဲဈေးတန်းတွေ၊ မုန့်ဈေးတန်းတွေ၊ ချားရဟတ်တွေနဲ့ ခြင်းအလှခတ်ပွဲတွေ ပါဝင်မယ်လို့ သိရပါတယ်။

ပွဲတော်ရက်တွေမှာ ရိုးရာနှမ်းမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂ရက်မှာပြုလုပ်ပြီး ဖေဖော်ဝါရီ ၄ရက်မှာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက သံဃာတော်နဲ့ သီလရှင်တွေကို ဆွမ်းဆန်စိမ်းလောင်းလှူမယ်လို့ သိရပါတယ်။