ကျောင်းသူနှင့် ဖခင်ဖြစ်သူတို့အား PDFများက သေနတ်ဖြင့်ပစ်ခတ်

ဖေဖော်ဝါရီ ၇ရက် နေ့ည ၇ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၊ ကရင်စုရပ်နေ ပြည်သူတဦးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရှိရပါသည်။

ကျွန်းရွာကျေးရွာ၊ ကရင်စုရပ်နေသူ ဦးထွန်းဦး ၅၇ နှစ်(ဘ) ဦးစိန်၊ ကရင်/ဗုဒ္ဓ သည် ၎င်း၏သွပ်မိုးခြေတံရှည်အိမ်အောက်ထပ် ကွပ်ပျစ်ပေါ်တွင်လဲလျောင်းနေစဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) အမည်မသိ ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဝက်သားရောင်းလားဟုမေးမြန်းကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက် ပစ်ခတ်သွားကြောင်း သိရှ်ိရပါသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဦးထွန်းဦး၏ ဝဲဘက် ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် နို့အုံဘေး ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိပြီး ၎င်းအနီးတွင် စာကျက်နေသောသမီးဖြစ်သူ မဇင်နန်းဝေ ၁၆ နှစ်၊ (ဘ) ဦးထွန်းဦး၊ ကရင်/ဗုဒ္ဓ (G-11) ကျောင်းသူ၏ဝဲဘက်ခြေဖဝါး ရှပ်ထိဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ပစ်ခတ်ပြီး ၎င်းလက်နက်ကိုင်အကြမ်းဖက်သမား၂ ဦးသည် ည ၈ နာရီ ၁၅ မိနစ်ချိန်တွင် ၎င်းတို့ စီးနင်းလာသောဆိုင်ကယ်ဖြင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။

ဒဏ်ရာရရှိသူ ဦးထွန်းဦးနှင့်မဇင်နန်းဝေတို့ သားအဖ၂ ဦးကို ပရဟိတမော်တော်ယာဉ်ဖြင့် ည ၉ နာရီအချိန်ခန့်တွင် မဇင်နန်းဝေကို ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ ဦးထွန်းဦးကို မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လည်းကောင်း အသီးသီး တင်ပို့ကုသထားရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

PAN