ဇရပ်ကြီးနယ်မြေခံတပ်ကိုလာတိုက်တဲ့ KNLA / PDF အကျဆုံးများစွာဖြင့်ဆုတ်ခွာထွက်ပြေး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်း ဖြင့် တိုက်ခိုက်ခဲ့ ပြီး တစ်ချိန်တည်းတွင် မြို့ဆိုးတံတား လုံခြုံရေးစခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံရေး စခန်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုသို့ တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ပြန်လည် တွန်းလှန်တိုက်ခိုက်ခဲ့သည့်အပြင်  တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို ဟန်ချက်ညီစွာဖြင့် ပစ်ကူပေးပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် KNLA/PDF အကြမ်း ဖက်သမားသမားများ ထိခိုက်ကျဆုံးများစွာ ဖရိုဖရဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်းသိရပါတယ်။

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA အဖွဲ့နှင့် PDF အကြမ်း ဖက်သမားများ၏ အလောင်းလက်နက်အချို့ သိမ်းဆည်းရမိခဲ့ကာ  ၎င်းတို့ဆုတ်ခွာ ထွက်ပြေးရာနေရာများသို့ တပ်မတော်မှ သောင်းကျန်းသူချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Crd