ဘိုကလေးတွင် အမျိုးသားတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အေရာတန်ကျေးရွာတွင် အမျိုးသားတစ်ဦး မီးရှို့သတ်ဖြတ်ခံရကြောင်းသိရသည်။ သေဆုံးသူမှာ အေရာတန်ကျေးရွာတွင်နေထိုင်သူ ဦးစိုးနိုင် (၅၄) နှစ်ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဦးစိုးနိုင်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းအတွင်း ငါးပုဇွန်ကောက်မည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ပြန်ရောက်လာခြင်းမရှိ၍ မိသားစုမှ လိုက်လံရှာဖွေရာ လယ်ကွင်းထဲရှိ ကောက်ရိုးပုံအနီးတွင် မီးလောင်သေဆုံးနေကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်အား ကြိမ်ချောင်းရဲစခန်းသို့ သတင်းပို့ခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

PAN