အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၃)

( ဒုတိယနေ့ ဆက်လက်ကျင်းပခြင်း )

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ဒုတိယနေ့အား ဆက်လက်ကျင်းပရာ နိုင်ငံတကာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အမျိုးသားရေး ကြန်အင်လက္ခဏာနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဉ်အား အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင် က ပါဝင်ဆွေးနွေးခဲ့ပါတယ်။

မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော စားပွဲဝိုင်း ဆွေးနွေးပွဲ၌ သဘာဝနှင့် လူတို့ကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်နှင့် လက်နက်ကိုင် ပဋိပက္ခများအကြား ပြည်သူများအပေါ် အကာအကွယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်မျိုးသန့် က ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။