ဆေးရုံတက်ရောက်ကုသနေသော စစ်သည်များအား ဒုတပ်ချုပ်မှ ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်ကရင်ပြည်နယ်/မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။